ဂါဇာမြောက်ပိုင်း၌ အစ္စရေးတပ်များ လုံခြုံရေးဇုန်တိုးချဲ့ရန် နယ်မြေရှင်းလင်း

05 Apr

အစ္စရေးတပ်များသည် ဧပြီလ ၄ ရက်တွင် ဂါဇာမြောက်ပိုင်းနယ်မြေတစ်ခုအတွင်း ဝင်ရောက်ရှင်းလင်း၍ လုံခြုံရေးဇုန်တိုးချဲ့နေကြောင်း သိရသည်။ ဂါဇာကမ်းမြောင်တောင်ပိုင်း၌ စစ်ဆင်ရေးပြုလုပ်၍ လုံခြုံရေးဇုန် တိုးချဲ့ မည် ဖြစ်ကြောင်း အစ္စရေးစစ်ဘက်ကကြေညာထားပြီး ရက်ပိုင်းအတွင်းမှာပင် အစ္စရေးလက်နက်ကိုင်တပ်များက ဂါဇာမြောက်ပိုင်းနယ်မြေတစ်ခုအတွင်းဝင်ရောက်၍ ရှင်းလင်းနေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် အစ္စရေးတပ် များသည် ဂါဇာစီးတီးမြို့အရှေ့ဘက် ရှီဂျာအားနယ်မြေအတွင်း၌ နယ်မြေရှင်းလင်းမှုများပြုလုပ်နေပြီး အရပ်သား များကို သတ်မှတ်ထားသည့်လမ်းကြောင်းမှတစ်ဆင့် နယ်မြေပြင်ပသို့ ထွက်ခွာခွင့်ပေးထားကြောင်း အစ္စရေး စစ်ဘက် ကသတင်းထုတ်ပြန်ထားသည်။ အစ္စရေးစစ်ဘက်သည် ဟားမတ်စ်အုပ်စုနှင့် နှစ်လကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် မတ်လ ၁၈ ရက်တွင် ဂါဇာဒေသ၌ စစ်ဆင်ရေးများ ပြန်လည်စတင်ခဲ့သည်။ ဟားမတ်စ်အုပ်စုလက်ထဲ၌ ကျန်ရှိနေဆဲဖြစ်သော ဓားစာခံ ၅၉ ဦး ပြန်လွှတ်ပေးချိန်ထိ ဂါဇာစစ်ဆင်ရေးများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ပြောကြား ထားသည်။ နှစ်လကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်စ်အုပ်စု ဖမ်းဆီးထားသည့် ဓားစာခံ ၃၃ ဦး နှင့် အစ္စရေးနိုင်ငံက ဖမ်းဆီးထားသည့် ပါလက်စတိုင်းအကျဉ်းသား ဦးရေ ၂၀၀ နီးပါး ပြန်လည်လွတ်မြောက်ခဲ့ ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Apr

ADVERTISE HERE .