“ဘက်တစ်အသင်းမှာ နှစ်ပေါင်းများစွာ ကစားလိုတယ်လို့ဆိုတဲ့ အစ္စကို”

04 Apr

ဘက်တစ်ဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကို အနေနဲ့ လက်ရှိအသင်းမှာ နှစ်ပေါင်းများစွာ ကစားလိုကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် အစ္စကို က ဆီဗီလာအသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး ၂၀၂၃ နွေရာသီမှာ ဘက်တစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ အစ္စကို က ဘက်တစ်အသင်းအတွက် နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၅၅ ပွဲကစားထားပြီး သွင်းဂိုး ၁၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။ အစ္စကို က ခန္ဓာကိုယ်ကြံ့ခိုင်မှုကောင်းနေပြီး အသင်းမှာ နှစ်ပေါင်းများစွာ ကစားလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

04 Apr

ADVERTISE HERE .