“ယာမယ် ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ချဲလ်ဆီးအသင်း”
04 Apr
ချဲလ်ဆီးအသင်းက ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမယ် ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းရန် အသင့်ရှိနေတယ်လို့ သိရပါတယ်။ စပိန်လက်ရွေးစင်လူငယ်တိုက်စစ်ကစားသမား ယာမယ် က ဘာစီလိုနာအသင်းနှင့် ၂၀၂၆ ခုနှစ်မှာ စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုမှာ လက်ရှိအချိန်ထိ သဘောတူညီမှုမရသေး ကြောင်း သိရပါတယ်။ ယာမယ် က ဘာစီလိုနာအသင်းမှာသာ ဆက်ရှိနေမယ်လို့ ကတိပေးပြောကြားထားပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေ က ယာမယ် ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး ၎င်းအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀၀ ပေးချေရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်း အနေနဲ့ ယာမယ် ကို စာချုပ်သစ်ချုပ်ဆိုပေမယ့် လက်ရှိအချိန်အထိ အဆင်မပြေဖြစ်နေပြီး ယင်းအချက်ကို တော့ဒ်ဘိုလေ က အခွင့်အရေးယူလိုနေခြင်းဖြစ်ပါတယ်။ (NVS 008)