“ဆာလတ် ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ဆော်ဒီလိဂ်တာဝန်ရှိသူများ”
04 Apr
ယခုရာသီကုန်မှာ လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အီဂျစ်တိုက်စစ်ကစားသမား ဆာလတ် ကို ခေါ်ယူနိုင်မယ်လို့ ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများက ယုံကြည်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ဆာလတ် က ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ဖြစ်လျှင်လည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှ ဖြစ်လိမ့်မယ်လို့ သတင်းများက သုံးသပ်ခဲ့ကြပါတယ်။ ဆာလတ် အနေနဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့မည့်ကိစ္စထက် လီဗာပူးလ်အသင်း နှင့် စာချုပ်သက်တမ်းတိုးရန်သာ ဦးစားပေးလုပ်ဆောင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ဆာလတ် က ဆော်ဒီလိဂ်နှင့် ကာလကြာရှည် သတင်းထွက်နေသူဖြစ်ပြီး နာမည်ကျော်ကစားသမား အများအပြား ရှိနေတဲ့ အယ်လ်အစ်တီဟတ်အသင်းက ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ဆာလတ် က ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ဖြစ်လျှင် အပြောင်းအရွှေ့တစ်ခုလုံးရဲ့ တန်ကြေးက ပေါင်သန်း ၆၀၀ ဝန်းကျင်အထိ ရှိနိုင်ကြောင်း သတင်းများက ခန့်မှန်းခဲ့ပါတယ်။ (NVS 008)