“ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) မှစတင်ပြီး Semi-automated လူကျွံဘောနည်းပညာကို အသုံးပြုမည်”

04 Apr

ပရီးမီးယားလိဂ်က ဧပြီလ ၁၂ ရက်မှာ ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) မှ စတင်ပြီး Semi-automated လူကျွံဘောနည်းပညာကို အသုံးပြုသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ပရီးမီးယားလိဂ်က Semi-automated လူကျွံဘောနည်းပညာကို FA ဖလားပဥ္စမအဆင့်မှာ စမ်းသပ်အသုံးပြု ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်များမှာလည်း ''non-live'' အဖြစ် စမ်းသပ်ခဲ့ပြီးနောက် အဆင်ပြေသဖြင့် ပရီးမီးယားလိဂ် ပွဲစဉ်များမှာ စတင်အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ Semi-automated လူကျွံဘောနည်းပညာမှာ လူကျွံ၊ မကျွံ ဆုံးဖြတ်ရာမှာ AI စနစ်နဲ့ အလိုအလျောက် မျဉ်းများ ဆွဲကာ VAR ဒိုင်လူကြီးများကိုကူညီပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် တာဝန်ရှိသူများက နည်းပညာသစ်မှာ ကစားသမားများရဲ့ ရွှေ့လျားမှုလမ်းကြောင်းကို လိုက်ပြီး ပိုမိုတိကျသည့်မျဉ်းများကို ဆွဲနိုင်မည်ဟု ပြောဆိုခဲ့ကြပါတယ်။ (NVS 008)

04 Apr

ADVERTISE HERE .