“တရုတ်နိုင်ငံတွင်ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပြိုင်ပွဲအား အမေရိကန်နှင့် အပေါင်းပါများက ဆိုက်ဘာတိုက်ခိုက်မှုများဆောင်ရွက်ခဲ့ဟု တရုတ်ပြောကြား”

04 Apr

တရုတ်နိုင်ငံ ဟေလောင်ကျန်းပြည်နယ်တွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် အာရှဆောင်းရာသီ အားကစား ပြိုင်ပွဲအား အမေရိကန်နှင့်အပေါင်းပါများက ဆိုက်ဘာတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူအိုဂါကွမ်း က ပြောကြားသည်။ ၎င်းဆိုက်ဘာတိုက်ခိုက်မှုအား တရုတ်နိုင်ငံ အမျိုးသားကွန်ပျူတာ ဗိုင်းရပ်စ်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးစင်တာက ဧပြီလ ၃ ရက်တွင် ထုတ်ပြန်သည့် မှတ်တမ်းတွင် ဖော်ပြထားသည်။ ပြိုင်ပွဲယှဉ်ပြိုင်မှုဆိုင်ရာ သတင်းအချက်အလက်စနစ်ကွန်ရက်အား အမေရိကန်၊ နယ်သာလန်နှင့် စင်ကာပူ အပါအဝင် ပြည်ပနိုင်ငံများမှ ဆိုက်ဘာတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၎င်းမှတ်တမ်းအရ သိရသည်။ ၎င်း ဆိုက်ဘာတိုက်ခိုက်မှုတွင် အမေရိကန် က တာဝန်ရှိကြောင်းနှင့် အခြားနိုင်ငံများကို ဆိုက်ဘာနှောင့်ယှက်မှုများမှ ရှောင်ရှားရန်အပါအဝင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် သတိပေးလိုက်ပြီး တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည့် ကာကွယ်မှုများကို ဆောင်ရွက်မည်ဟု တရုတ်တာဝန်ရှိသူက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြ ထားသည်။

04 Apr

ADVERTISE HERE .