“မန္တလေးမြို့ ငလျင်ဘေးသင့်ပြည်သူများအထွေထွေအသုံးပြုရန် ကမ္ဘောဇဖောင်ဒေးရှင်းမှ ရေဖြန့်ဝေလှူဒါန်း”
04 Apr
မန္တလေးမြို့ ငလျင်ဘေးသင့် ပြည်သူများ အထွေထွေအသုံးပြုရန် ကမ္ဘောဇဖောင်ဒေးရှင်းက ရေဖြန့်ဝေလှူဒါန်း ပေးလျက်ရှိကြောင်း သိရပါတယ်။ အခုလိုဖြန့်ဝေလှူဒါန်းရာမှာ ကမ္ဘောဇဖောင်ဒေးရှင်းပိုင် ရေဂါလံ ၃,၀၀၀ ဆံ့ရေသယ်ကားကြီးများနဲ့ မန္တလေး မြို့ပေါ်ရှိ ရပ်ကွက်များသို့ လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး ငလျင်ဘေးရှောင် ပြည်သူများ ယာယီနေထိုင်ရာ နေရာများနှင့် ရေအခက်အခဲဖြစ်ရာ ရပ်ကွက်များသို့ သွားရောက်၍လည်း ရေပေးဝေလှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကမ္ဘောဇဘဏ်နှင့် Myanmar Rescue Organization တို့ ပူးပေါင်းကာ မန္တလေးမြို့ပေါ်ရှိ အိမ်ထောင်စု ၅၀၀ အတွက် သောက်သုံးရေနှင့် အထွေထွေအသုံးပြုရန်အတွက် ရေဂါလံ စုစုပေါင်း ၅၀,၀၀၀ ကိုလည်း ပံ့ပိုးလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ကမ္ဘောဇဘဏ်က အသိပေးထားပါတယ်။ (NVS 004)
04 Apr