“စပိန်ဘုရင်ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်း”
03 Apr
ဧပြီလ ၂ ရက်မှာ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်(ဒုတိယအကျော့)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းကို တစ်ဂိုး ဂိုးမရှိ (နှစ်ကျော့ပေါင်း ၅-၄ ဂိုး)နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက်အနိုင်ဂိုးကို ဖယ်ရန်တောရက်စ်က ပွဲချိန် ၂၇ မိနစ်မှာ သွင်းယူ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအဖြစ် ဧပြီလ ၂၆ ရက်မှာ ဘာစီလိုနာအသင်းနှင့် ရီးရဲလ်အသင်း ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ (NVS 008)
03 Apr