“ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ အပြီးအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်း”

03 Apr

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၃၀ အပြီးမှာတော့ အမှတ်ဇယားကို လီဗာပူးလ်အသင်းက ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀မှာ လီဗာပူးလ်အသင်းက အဲဗာတန်အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး အက်စတွန်ဗီလာအသင်းက ဘရိုက်တန်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရှိခဲ့ပါတယ်။ မန်စီးတီးအသင်းက လက်စတာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သလို နယူးကာဆယ်အသင်းက ဘရန့်ဖိုဒ်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ လီဗာပူးလ်အသင်းက ရမှတ် ၇၃ မှတ်နဲ့ အဆင့်(၁)၊ အာဆင်နယ် အသင်းက ရမှတ် ၆၁ မှတ်နဲ့ အဆင့်(၂) နှင့် နော်တင်ဟမ်အသင်းက ရမှတ် ၅၇ မှတ်နဲ့ အဆင့်(၃)မှာ အသီးသီး ရပ်တည်နေပါတယ်။ (NVS 008)

03 Apr

ADVERTISE HERE .