“တရုတ်မြေပြင်တပ်များ ကျည်စစ်သုံးစစ်ရေးလေ့ကျင့်မှု ပြုလုပ်”

03 Apr

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) မြေပြင်တပ်များသည် ဧပြီလ ၂ ရက်တွင် ကျည်စစ်သုံးစစ်ရေးလေ့ကျင့်မှုများဖြင့် အရှေ့တရုတ်ပင်လယ်ရေပြင်အတွင်းသို့ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။ တရုတ်(တိုင်ပေ)အနီး လက်ရှိပြုလုပ်နေဆဲဖြစ်သော ရေလက်ကြား မိုးကြိုး ၂၀၂၅ အေ စစ်ရေးလေ့ကျင့်မှုအရ တရုတ်မြေပြင်တပ်များကလည်း အရှေ့တရုတ်ပင်လယ်၌ ကျည်စစ်သုံး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် တရုတ်မြေပြင်တပ်များအနေဖြင့် ဆိပ်ကမ်းများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို တာဝေးပစ်လက်နက်များဖြင့် တိကျစွာတိုက်ခိုက်မှုကို လေ့ကျင့်ခဲ့ကြကြောင်း ပီအယ်လ်အေသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သို့ရာတွင် အဆိုပါကျည်စစ်သုံး စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည့် နေရာအတိအကျကို သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ရေလက်ကြား မိုးကြိုး ၂၀၂၅ အေ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ဧပြီလ ၁ ရက်တွင် တရုတ်(တိုင်ပေ)အနီး စတင်ပြုလုပ်ခဲ့သည်။ တရုတ် (တိုင်ပေ) ခွဲထွက် ရေးဝါဒီများကို သတိပေးသည့်အနေဖြင့် အဆိုပါစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေခြင်းဖြစ်ကြောင်း တရုတ်စစ်ဘက် က ပြောကြားထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

03 Apr

ADVERTISE HERE .