“ရုရှားနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ကိုရီးယားကျွန်းဆွယ်ဒေသ အခြေအနေများနှင့် အီရန်နျူကလီးယား ပြဿနာများ ဆွေးနွေး”
03 Apr
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် မော်စကိုမြို့ ၌ တွေ့ဆုံစဉ် ကိုရီးယား ကျွန်းဆွယ်ဒေသအခြေအနေများနှင့် အီရန်နျူကလီးယားပြဿနာများကို ဆွေးနွေးခဲ့ ကြကြောင်း ရုရှားမီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် လက်ရှိအချိန်တွင် သုံးရက်ကြာခရီးစဉ်အဖြစ် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အဆိုပါခရီးစဉ် အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ရုရှားသမ္မတပူတင်နှင့်လည်း တွေ့ဆုံဖွယ် ရှိသည်။ မော်စကိုမြို့၌ ကျင်းပခဲ့သောဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီး တို့အနေဖြင့် အီရန် ကလီးယားပြဿနာများကို ည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ဧပြီလ ၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့၏ဆွေးနွေးပွဲမှာ ရင်းနှီးချစ်ကြည်မှုနှင့်ပွင့်လင်းမြင်သာမှုရှိသည့် ဆွေးနွေးပွဲဖြစ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးတို့အနေဖြင့် ယူကရိန်းစစ်ပွဲပြဿနာကိုလည်း အလေးအနက်ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။