“အပျက်အစီးများကြားမှတွေ့ရှိခဲ့ရတဲ့ ရတနာပစ္စည်းများကို မဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့သို့အပ်နှံ”

03 Apr

မန္တလေးမြို့ရဲ့အထင်ကရ မဟာမြတ်မုနိဘုရားကြီးရှိ တန်ဆောင်းတော်နှင့် ထီးတော်ပိုင်းအချို့က ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မြေခပျက်စီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပျက်စီးမှုများကို ဧပြီလ ၂ ရက်မှာ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များနှင့် တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြပြီး အခုလို ဖယ်ရှားရှင်းလင်းစဥ် အပျက်အစီးများ၊ အုတ်ပုံများကြားမှ ရတနာပစ္စည်း ၄၂ ခု (အလေးချိန် ၉ ကျပ်သား ၁၄ပဲ ၄ ရွေး) ကို တွေ့ရှိခဲ့ရသဖြင့် မဟာမြတ်မုနိဘုရားကြီး၏ဂေါပကအဖွဲ့ထံ တာဝန်ရှိသူများကပြန်လည်အပ်နှံခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

03 Apr

ADVERTISE HERE .