“မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့မည်ဟု သီရိလင်္ကာက ကတိပြု”

03 Apr

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့မည်ဟု သီရိလင်္ကာအစိုးရက ကတိပြုထားကြောင်း သိရပါတယ်။ သီရိလင်္ကာရဲ့အစိုးရ၀န်ကြီးများက အခုဆုံးဖြတ်ချက်ကို ခံယူပြီး ဗုဒ္ဓဘာသာအများစုနေထိုင်သော နိုင်ငံနှစ်ခု ကြား သာသနာရေးနှင့် သမိုင်းဝင်ဆက်သွယ်မှု၊ ဆက်ဆံမှုများကို အထူးအလေးပေးအသိအမှတ်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ငွေကြေးအကူအညီအပြင် သီရိလင်္ကာနိုင်ငံမှ သံဃာတော်များရဲ့ လမ်းညွှန်မှုနဲ့ ကောက်ခံရရှိထားသော ရိက္ခာ ခြောက်များကို မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ပြီး ယင်းကူညီမှုများကို မြန်မာအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လိုအပ်လာပါက မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်နိုင်ရန် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို အဆင်သင့်ထားရှိထားကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ (NVS 004)

03 Apr

ADVERTISE HERE .