“မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက ကျပ်သိန်းတစ်သောင်းဝန်းကျင်အထိ လှူဒါန်းသွားမည်”

02 Apr

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့က ငလျင်ဘေးအန္တရာယ် ကြုံတွေ့နေရသူများကို တတ်စွမ်းသမျှကူညီဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားကြပြီး ကျပ်သိန်းတစ်သောင်း ဝန်းကျင် အထိ လှူဒါန်းသွားရန် ရည်ရွယ်ထားကြောင်း အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။ မတ်လ ၃၀ ရက် အလုပ်အမှုဆောင် အထူးအစည်းအဝေးဆုံးဖြတ်ချက်မှာ အသင်းရဲ့ ရံပုံငွေမှကျပ်သိန်း ၃,၀၀၀ ကို မတည်ထားပြီး ငလျင်ဘေးကိုဆိုးရွားစွာ ခံစားခဲ့ရသော မန္တလေးမြို့နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မြို့များ၊ စစ်ကိုင်းဒေသကြီး၊ နေပြည်တော်နှင့် တောင်ကြီး၊ အင်းလေး၊ အောင်ပန်းမြို့များရှိ ငလျင်ဒဏ်ခံစားပြီး လိုအပ်နေသူ များကို ချက်ခြင်းကူညီပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ အလှူငွေ ကျပ်သိန်း ၅,၀၀၀ အပြင် ငါးဆယ်သား ဆီဘူးပေါင်း တစ်သိန်း (ကျပ်သိန်းလေးထောင်ခန့်တန်ဖိုး) ကို ချက်ခြင်းဘူးသွတ်လျက်ရှိပြီး ငလျင်ဒဏ်ခံသည့်ဒေသများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်ပြီး လှူဒါန်းသွားကြမည်ဖြစ်ကြောင်း သိရပါတယ်။ အလားတူ အသင်းအလုပ်အမှုဆောင်များ၊ အသင်းဝင်များ ငလျင်ဒဏ် မခံစားရသောဒေသများမှ လက်လီလက်ကားဆီရောင်းချသူများစတဲ့ အသင်းဝင်များအားလုံးက ငလျင်ဒဏ်ခံစားရတဲ့ စားသုံးသူပြည်သူများအတွက် ကိုယ်ချင်းစာစိတ်နဲ့ အလှူငွေများထည့်ဝင်လှူဒါန်းကြရန် နှိုးဆော်တိုက်တွန်းထား ပါတယ်။ ပါဝင်လှူဒါန်းလိုသူများအနေနဲ့ ဝ၉-၄၄၄၄၃၇၂၉၅၊ ၀၉-၇၅၇၄၈၂၉၁၂ နှင့် ၀၉-၇၅၆၅၇၅၂၁၆ သို့ဆက်သွယ်၍ လည်းကောင်း၊ ကမ္ဘောဇဘဏ်ရှိအသင်း၏ အကောင့်- 00451300404584301 ( KBZ )နှင့် A Bank ရှိ အသင်း၏ အကောင့် -0014011100010537 ( A Bank)တို့ကို အလှူငွေများထည့်သွင်းနိုင်ကြောင်းသိရပြီး အလှူရှင်များ၏ အမည်၊ ဆိုင်အမည်၊ ဖုန်းနှင့် စသည့် အချက်အလက်များကိုပါ ထည့်သွင်းဖော်ပြပေးရန် မေတ္တာရပ်ခံထားပါတယ်။ (NVS 004)

02 Apr

ADVERTISE HERE .