“ထိုင်းဘုရင်မင်းမြတ်လှူဒါန်းတဲ့ ကူညီထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်”
02 Apr
ဧပြီလ ၁ ရက်မှာ ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးမှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ပေးအပ်သောလူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်တဲ့ ဆေးဝါးအိတ်များ၊ ယာယီတဲများ၊ အသင့်စား ခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူး၊ ငါးသေတ္တာ၊ ဓါတ်မီး၊ မီးစက်နှင့် အခြားလိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသော ထိုင်းဘုရင့်လေတပ်မှ အထူးလေယာဉ်နှစ်စင်း နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ဦးဆောင်ကာ ဘုရင်မင်းမြတ်ရဲ့ ကူညီထောက်ပံ့မှုပစ္စည်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည် ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကာ အဆိုပါပစ္စည်းများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center: DMC) ထံပေးအပ်သွားမည်ဖြစ်ပြီး ငလျင်ဘေးသင့်ပြည်သူများအားပေးအပ်ရန် နေရာအသီးသီးသို့ ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)