“နွေကာလအတွင်း ဖြစ်ပေါ်တတ်သော မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးသတိပြုနေထိုင်ကြရန် သတိပေး”

02 Apr

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နွေကာလဖြစ်တဲ့ ဧပြီလနှင့် မေလများအတွင်း ဖြစ်ပေါ် တတ်သော မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးသတိပြုနေထိုင်သွားကြရန် ဧပြီလ ၁ ရက်က သတိပေး နှိုးဆော်ထားပါတယ်။ ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုရန် နှိုးဆော် ထားပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်မှာ နွေကာလ ဧပြီလနှင့် မေလတို့မှာ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက် လာရာမှအပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့မှာ မိုးတိမ်တောင်များဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ မိုးတိမ်တောင်များရွှေ့လျားရာတစ်လျောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုံးရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းသိရပါတယ်။ ဒါကြောင့် လေပြင်းတိုက်ခတ်စဉ် မြေပြင်‌ ရေပြင်လေက တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS 004)

02 Apr

ADVERTISE HERE .