“တာချီလိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များက ငလျင်ဘေးအတွက် အလှူငွေကျပ်သိန်း ၉,၀၀၀ ကျော်လှူဒါန်း”

02 Apr

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များက ငလျင်ဘေးကြောင့် အခက်အခဲမျိုးစုံကြုံတွေ့ နေရသူများအတွက် အလှူငွေကျပ်သိန်း ၉,၀၀၀ကျော်ကို လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ အလှူငွေပေးအပ်လှူဒါန်းပွဲကို ဧပြီလ ၁ ရက်နံနက်ပိုင်းက တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ရာ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း ၉,၁၂၄ သိန်းကို အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အလှူငွေများကို တြိဂံတိုင်းဒေသစစ်ဌာနချုပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ လှုဒါန်းပေးအပ်ခဲ့ ကြခြင်းဖြစ်ပြီး ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ဆေးဝါး၊ အသုံးအဆောင်၊ စားနပ်ရိက္ခာများကို ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

02 Apr

ADVERTISE HERE .