“ယခုနှစ်သင်္ကြန်အား ရိုးရာယဥ်ကျေးမှုနှင့်အညီသာကျင်းပမည်”

02 Apr

လာမည့် ဧပြီလ ၁၃ ရက်မှစတင်ကျရောက်မည့် သင်္ကြန်ပွဲတော်ကို အပျော်အပါးသီဆိုကခုန်မှုများမပါဝင်ဘဲ ရိုးရာယဥ်ကျေးမှုနှင့်အညီအေးချမ်းသာယာသော သင်္ကြန်အဖြစ်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ သေဆုံးဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေကာ တစ်နိုင်ငံလုံးဝမ်းနည်းကြေကွဲနေရသောကာလဖြစ်၍ မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါးသီဆို ကခုန်မှုများမပါဝင်ဘဲ ရိုးရာယဥ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ်သာ ကျင်းပသွားရမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

02 Apr

ADVERTISE HERE .