“ဘာစီလိုနာအသင်းတွင် ဆက်ရှိသွားမယ်လို့ဆိုတဲ့ ပီဒရီ”
01 Apr
ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား ပီဒရီ က အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းများက ကောလာဟလများသာဖြစ်ပြီး အသင်းမှာသာ ဆက်ရှိသွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပီဒရီ ကို လက်ရှိအချိန်မှာ ဥရောပထိပ်သီးကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ပီဒရီအနေနဲ့ ဘာစီလိုနာအသင်းမှာဘဲ ဆက်ရှိသွားမယ်လို့ သိရပါတယ်။ ပီဒရီ က ဘာစီလိုနာအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၈၇ ပွဲကစားပြီး ၂၅ ဂိုး သွင်းယူထားပါတယ်။ (NVS 008)
01 Apr