“ဖရင်းပေါင် ကို ခေါ်ယူရန် ဆွေးနွေးနေတဲ့ လီဗာပူးလ်အသင်း”

01 Apr

ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းက လေဗာကူဆင်အသင်းရဲ့ အဓိကကစားသမား ဖရင်းပေါင် ကို ခေါ်ယူရန် စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။ ဖရင်းပေါင် က လေဗာကူဆင်အသင်းနှင့်အတူ ၂ဝ၂၁ခုနှစ်မှ စတင်ကာ ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိအချိန် အထိ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် လီဗာပူးအသင်းက ခေါ်ယူရန် ဆွေးနွေးလာခြင်းဖြစ်ပါတယ်။ ဖရင်းပေါင် အနေနဲ့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားလိုကြောင်း ထုတ်ဖော်ပြောကြားထားတာကြောင့် နွေရာသီ ဈေးကွက်အတွင်း လီဗာပူးအသင်းအနေနဲ့ ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)

01 Apr

ADVERTISE HERE .