“ငလျင်ဘေးအတွက် ငွေကျပ် ၁၈၇ သိန်းမတည်လှူဒါန်းမယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီး”
31 Mar
ငလျင်ကပ်ဘေးအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးကစားသမားများက ကျပ် ၁၈၇ သိန်း မတည်လှူဒါန်း သွားမှာဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက သူ၏လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ ပါတယ်။ အဆိုပါ မတည်အလှူငွေကို မြန်မာလက်ရွေးစင် ကစားသမားများဖြစ်ကြတဲ့ ဝင်းသိင်္ဂီထွန်း၊ မေထက်လူ၊ မျိုးမမငြိမ်းတို့က အလှူငွေသိန်း ၂၀ စီ ထည့်ဝင်ခဲ့ပြီး အခြားကစားသမား ၁၅ ဦးကလည်း စုစုပေါင်း ၁၂၇ သိန်းထည့်ဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 008)
31 Mar