“အနိုင်ရတဲ့ပွဲမှ လက်အိတ်များကိုလေလံတင်ရောင်းချပြီ ငလျင်ဘေးအတွက် လှူဒါန်းမယ့် အောင်လအန်ဆန်”

31 Mar

မြန်မာ MMA အားကစားသမား ကချင်တိုင်းရင်းသား အောင်လအန်ဆန် က Alain Ngalani ကို အနိုင်ရတဲ့ပွဲမှ လက်အိတ်များကို မြန်မာ့ငလျင်ကပ်ဘေးအတွက် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့် ကြေညာခဲ့ပါတယ်။ အဆိုပါလက်အိတ်တစ်စုံအတွက် လေလံကြမ်းခင်းဈေး ကျပ် သိန်း ၃၀၀ သိုမဟုတ် ယူအက်စ်ဒေါ်လာ ၆၅၀၀ သတ်မှတ်ထားကြောင်း သိရပါတယ်။ မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီမှာ လေလံစတင်မည်ဖြစ်ပြီး ဧပြီလ ၆ ရက် ညနေ ၆ နာရီတွင် ပြီးဆုံးမှာ ဖြစ်ပါတယ်။ (NVS 008)

31 Mar

ADVERTISE HERE .