“မြန်မာလက်ရွေးစင်ကစားသမားများက ငလျင်ဘေးအတွက် မတည်လှူဒါန်း”
31 Mar
မြန်မာ့လက်ရွေးစင် ကစားသမားများဖြစ်ကြတဲ့ အောင်သူ၊ ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်၊ သီဟဇော်၊ စိုးမိုးကျော်၊ ဆန်းဆက်နိုင်(ဂိုး)တို့က မြန်မာ့ငလျင်ကပ်ဘေးအတွက် ကျပ် ၁၀ သိန်းစီမတည်ကာ လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါလှူဒါန်းမည့်အစီအစဉ်ကို တိုက်စစ်မှူး အောင်ကောင်းမာန် ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြ ထားပြီး ပါဝင်အားဖြည့်လှူဒါန်းလိုသူများအနေဖြင့် လှူဒါန်းနိုင်ပါကြောင်း ရေးသားထားပါတယ်။ ယခုလှူဒါန်းမှုတွင် ပြည်ပကလပ်အသင်းများမှာ သွားရောက်ကစားနေသူအများစုက ဦးဆောင်လှူဒါန်းခြင်းဖြစ်ပါတယ်။ (NVS 008)
31 Mar