“MMA ချင်းဖိုက်တာ ဂျိုရှူအာဗန် က ငလျင်ဘေးအတွက် ကျပ်သိန်း ၁၀၀ လှူဒါန်း”

31 Mar

UFC ပြိုင်ပွဲဝင် MMA ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန် က မြန်မာ့ငလျင်ကပ်ဘေးအတွက် GoFundMe မှတစ်ဆင့် ရန်ပုံငွေရှာဖွေပေးလျက်ရှိတယ်လို့ သိရပါတယ်။ မတ်လ ၂၈ ရက် ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးနှင့် ပတ်သက်ပြီး ခံစားခဲ့ရတဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဂျိုရှူအာဗန် က ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဂျိုရှူအာဗန် ဟာ မကြာသေးမီက UFC ပြိုင်ပွဲမှာ မြန်မာအလံကို တရားဝင်အသုံးပြုခွင့်ရထားတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဂျိုရှူအာဗန် ဟာ လာမယ့် ဇွန်လ ၇ မှာ UFC 316 ပွဲစဉ်မှာ ယှဉ်ပြိုင်ထိုးရမှာဖြစ်ပြီး UFC 313 မှာ ပွဲပျက်ခဲ့တဲ့ ဘရာဇီးလ်ကစားသမား ဘရူနိုဒါဆေးလ်ဗားနှင့် ထိုးသတ်ရမှာ ဖြစ်ပါတယ်။ (NVS 008)

31 Mar

ADVERTISE HERE .