“ယူကရိန်းသို့ စစ်ရေးအကူအညီထပ်မံပေးအပ်မည့် မက်ခရွန်၏အစီအစဉ်ကို ပြင်သစ်ပြည်သူထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ”

31 Mar

ယူကရိန်းနိုင်ငံသို့ ပြင်သစ်အစိုးရက စစ်ရေးအရအကူအညီထပ်မံပေးအပ်မည့် အစီအစဉ်ကို ပြင်သစ် ပြည်သူထောင်ပေါင်းများစွာက ချီတက်ဆန္ဒပြခဲ့ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ပြင်သစ်ပြည်သူများသည် သမ္မတ အီမန်နျူရယ်မက်ခရွန်၏စစ်ဝါဒီဆန်သည့် အဆိုပါအကူအညီပေးရေးလုပ်ဆောင်ချက်ကို မတ်လ၂၉ ရက် တွင် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံအနေဖြင့် စစ်ပွဲကိုအလိုမရှိကြောင်း၊ ပြင်သစ်နိုင်ငံအား နေတိုးအဖွဲ့မှ တိတ်တဆိတ်ထွက်ခွာရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြောင်းသိရသည်။ မက်ခရွန်ဦးဆောင်သည့် ပြင်သစ် အစိုးရသည် ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် ယူရို ၂ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၁၆ ဘီလီယံ) ထပ်မံ ပေးအပ်ရန် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် ပြင်သစ်အစိုးရသည် ယူကရိန်းနိုင်ငံအတွင်းသို့ အနောက်နိုင်ငံများမှ လက်နက်ကိုင်တပ်ဖွဲ့များအား ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များအဖြစ် ပို့ဆောင်ဖြန့်ကြက်နိုင်ရေးအတွက်လည်း ကြိုးပမ်းလျက် ရှိသည်။ ယူကရိန်းသို့ ပြင်သစ်နိုင်ငံက ထပ်မံပေးအပ်မည့် စစ်ရေးအကူအညီများတွင် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ၊ သံချပ်ကာယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ ပါဝင်မည် ဖြစ်သည်။ ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီများ ထပ်မံပေးအပ်မည့် မက်ခရွန်အစိုးရ၏အစီအစဉ်အား လက်ယာယိမ်းနိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဖလော်ရီယန်း ဖိလစ်ပေါ့နှင့် ၎င်း၏ပါတီဖြစ်သည့် The Patriots တို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

31 Mar

ADVERTISE HERE .