“ငလျင်ဒဏ်ခံရတဲ့ မန္တလေးမြို့မှာ စက်သုံးဆီဝယ်ယူရခက်ခဲနေ”

31 Mar

ငလျင်ဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ မန္တလေးမြို့မှာ စက်သုံးဆီဝယ်ယူရခက်ခဲနေပြီး အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းဝယ်ယူနေရတဲ့ အခြေအနေဖြစ်ပါတယ်။ မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံရှိ ဒေသအချို့မှာ အပျက်အစီးများစေခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ခ်ျတာ စကေးအဆင့်ရှိတဲ့ အင်အားအလွန်ပြင်း ငလျင်တစ်ခုက မတ်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့ပါတယ်။ အဆိုပါ ငလျင်ကြောင့် မန္တလေးမြို့ စက်သုံးဆီဆိုင်များရှိ ဆီလှောင်ကန်များ ထိခိုက်မှုရှိခဲ့တဲ့အတွက် အချို့ဆိုင်များ ပိတ်ထား ကြပြီး ရောင်းချပေးနေတဲ့ ဆိုင်များမှာ ယခုကဲ့သို့ တန်းစီဝယ်ယူနေရခြင်း ဖြစ်ပါတယ်။ အခုလို စက်သုံးဆီဝယ်ယူရ အခက်အခဲရှိတဲ့အတွက် မြို့တွင်းသယ်ယူပို့ဆောင်ရေး အသုံးပြုကြရတဲ့ အိုးဝေယာဉ်ငှားရမ်းခများ ဈေးမြင့်နေပြီး ငှားရမ်းမရတဲ့ အခြေအနေများလည်း ရှိနေပါတယ်။ (NVS 004)

31 Mar

ADVERTISE HERE .