“နေပြည်တော်နှင့် မန္တလေးလေဆိပ်များကို ယာယီရပ်နားထား”
31 Mar
လတ်တလောကြုံတွေ့ခဲ့ရသော မြေငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲအခြေအနေများကြောင့် နေပြည်တော် နှင့် မန္တလေး လေကြောင်းခရီးစဉ်များကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်ကနေစတင်ကာ ရပ်နားထားပြီး စိတ်ချရတဲ့ အခြေအနေမှ ပြန်လည်ပြေးဆွဲမှာ ဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။ ဒါ့အပြင် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်များအနေနဲ့ ရွေးချယ်မှုများ ပြုလုပ်ရန် နည်းလမ်း နှစ်ခုရှိပြီး ခရီးသွားရက်ပြောင်းလဲခြင်း တစ်ကြိမ်အခမဲ့ (ခရီးစဉ်များ ပြန်လည်ပြေးဆွဲသည့်ရက်မှ တစ်ပတ်အတွင်း)နှင့် ငွေအပြည့်ပြန်အမ်းခြင်း (ဝယ်ယူထားသည့်တန်ဖိုးအတိုင်း) ဟူ၍ဖြစ်ပါတယ်။ ရန်ကုန်မှ ဘန်ကောက်သို့ ခရီးစဥ်များ တွင်လည်း အရေးပေါ်မလိုက်ဖြစ်တဲ့ခရီးသည်များရှိနေပြီး အထက်ပါနည်းများအတိုင်း ဝန်ဆောင်မှုများပေးနေတယ် လို့ သိရပါတယ်။ (NVS 004)
31 Mar