“နာရီပေါင်း ၆၀ ခန့်ပိတ်မိနေတဲ့ အသက်ရှင်သူကို တရုတ်ကယ်ဆယ်ရေးအဖွဲ့အောင်မြင်စွာကယ်တင်နိုင်ခဲ့”
31 Mar
မန္တလေးမြို့တွင် နာရီပေါင်း ၆၀ ခန့်ပိတ်မိနေတဲ့ အသက်ရှင်သူများကို တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ အောင်မြင်စွာ ကယ်တင်ခဲ့နိုင်ကြောင်း သိရပါတယ်။ ဒေသစံတော်ချိန် မတ်လ ၃၁ ရက်ညသန်းခေါင်ယံအချိန်မှာ ၅ နာရီကျော်ကြာမြင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ပြီးနောက် တရုတ်ကယ်ဆယ်ရေးအဖွဲ့က မန္တလေးမြို့ရှိ Great Wall Hotel ၌ နာရီပေါင်း ၆၀ ခန့် ပိတ်မိနေတဲ့ အသက်ရှင်သူအမျိုးသမီး ၁ ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ခံရသူ၏ အသက်လက္ခဏာ များ ကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့က ဘေးအန္တရာယ်အပြင်းထန်ဆုံးကျရောက်ခဲ့တဲ့ မန္တလေးမြို့သို့ ရောက်ရှိပြီးနောက် ပထမဦးဆုံးကယ်တင်နိုင်ခဲ့သော အသက်ရှင်သူဖြစ်ပါတယ်။ ဒေသခံမြန်မာ့ကယ်ဆယ်ရေးအဖွဲ့များ၊ ရှန်းကျန့် (Shenzhen) စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့နှင့် ရုရှားကယ်ဆယ်ရေးအဖွဲ့တို့က အဆိုပါကယ်ဆယ်ရေးလုပ်ငန်းမှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ (NVS 004)