“ဧရာဝတီဖောင်ဒေးရှင်းမှ စက်ယန္တရားအစီး ၃၀ နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေ”
31 Mar
ငလျင်ဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးပြုလုပ်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ စက်ယန္တရားအစီး ၃၀ နဲ့ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးလျက်ရှိကြောင်း ဧရာဝတီဖောင်ဒေးရှင်းထံမှ သိရပါတယ်။ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့ မန္တလေး၊ နေပြည်တော်၊ အောင်ပန်းနှင့် အခြားဒေသများ၏ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် 100 Tons and 35 Tons Mobile Crane, Excavator, Wheel Loader, Dump Truck, Mini Excavator, Water Bowser စတဲ့ စက်ယန္တရားအစီး ၃၀ ပို့ဆောင်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို အားဖြည့်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်သင့်ဒေသများမှာ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးလျက်ရှိတဲ့ စက်ယန္တရားများနှင့် လူနာတင်ယာဉ်များအတွက် မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ဟဲဟိုး တို့ရှိ Max စက်သုံးဆီအရောင်းဆိုင်များက အခမဲ့ ပံ့ပိုးပေးလျက်ရှိကြောင်း သိရပါတယ်။ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ Max Myanmar Group, AYA Financial Group တို့နှင့်ပူးပေါင်း၍ တတ်စွမ်းသရွေ့အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)