“တရုတ်သမ္မတရှီကျင့်ဖျင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများမှ စီအီးအိုများနှင့် တွေ့ဆုံ”

29 Mar

တရုတ်သမ္မတရှီကျင့်ဖျင်သည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများမှ အမှုဆောင်အရာရှိချုပ်(စီအီးအို)များ နှင့်မတ်လ ၂၈ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကူညီခဲ့သော၊ ပါဝင်ကူညီခဲ့သော ပြည်ပစီးပွားရေးလုပ်ငန်းအားလုံးကို မိမိအနေဖြင့် အထူးကျေးဇူးတင် ကြောင်း နိုင်ငံတကာစီအီးအိုများနှင့်တွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားခဲ့သည်။ ပေကျင်းမြို့ ပြည်သူ့မဟာခန်းမဆောင် ၌ ကျင်းပခဲ့သော အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးများမှ စီအီးအိုဦးရေ ၄၀ ခန့် တက်ရောက်ခဲ့ကြသည်။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသော ပြည်ပစီအီးအိုအများစုမှာ ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများမှ စီအီးအိုများဖြစ်ကြကြောင်း သတင်းအရင်းအမြစ်များက ပြောကြားထားသည်။ ပြီးခဲ့သည့် လအတွင်း တရုတ်ထိပ်တန်းခေါင်းဆောင်များနှင့်နိုင်ငံတကာစီအီးအိုများကြား အကြိမ်ကြိမ်တွေ့ဆုံမှုများ ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံအတွင်းသို့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုစံချိန်တင်ကျဆင်းခဲ့ပြီး နောက် တရုတ်ထိပ်တန်းခေါင်းဆောင်များက ပြည်ပစီအီးအိုများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

29 Mar

ADVERTISE HERE .