“ဆုဖလားအားလုံးရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟခဲ့တဲ့ အော်လ်မို”

28 Mar

ဘာစီလိုနာကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မို က မိမိတို့ကစားသမားများအနေနဲ့ ဆုဖလားအားလုံးကို ရယူနိုင်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ယခုရာသီ လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးမှ ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် နှင့် စပိန်ဘုရင့်ဖလားမှာ ဆီမီးဖိုင်နယ် တက်ရောက်ထားပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းက ယခုရာသီတွင် ဖလား ၃ လုံးရယူရန်မျှော်လင့်နေပြီး ယင်းအတွက် အသင်းကစားသမားများအားလုံး ယုံကြည်မှုရှိနေကြောင်း အော်လ်မို က ဖွင့်ဟပြောကြားခဲ့ပါတယ်။ (NVS 008)

28 Mar

ADVERTISE HERE .