“ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုကြေးများစွာရနိုင်မယ့် မန်စီးတီးနှင့် ချဲလ်ဆီး”

28 Mar

အခုနှစ်မှာ ယှဉ်ပြိုင်ကစားရမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့က ဆုကြေး ပေါင် ၉၇ သန်းခန့် ရယူနိုင်ဖို့ရှိနေပါတယ်။ ဖီဖာရဲ့ထုတ်ပြန်ချက်အရ အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်မယ့် ကလပ်ကမ္ဘာ့ဖလားအတွက် ဆုကြေးကို ပေါင် ၇၇၅ သန်းအထိ သုံးသွားမှာဖြစ်ပြီး ပေါင် ၄၀၇ သန်းကို ပါဝင်ယှဉ်ပြိုင်မယ့် ၃၂ သင်းကို ခွဲဝေပေးသွားမှာဖြစ်သလို ကျန်တဲ့ ပေါင် ၃၆၉ သန်းကိုတော့ ပြိုင်ပွဲမှာရပ်တည်နိုင်တဲ့ အဆင့်အလိုက် ခွဲဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတိုင်းကို ခွဲဝေပေးဖို့အတွက် အဆင့်သတ်မှတ်ရာမှာလည်း အသင်းရဲ့ အဆင့်အတန်းနဲ့ စီးပွားရေးဆိုင်ရာစံနှုန်းတွေကိုအခြေခံပြီး သတ်မှတ်ခွဲဝေပေးမှာဖြစ်လို့ ဥရောပထိပ်တန်းအသင်းတွေအနေနဲ့ တစ်ခြား တိုက်ကြီးတွေဘက်က အသင်းတွေထက် ဆုကြေးပိုပြီးရဖွယ်ရှိနေပါတယ်။ ဥရောပထိပ်တန်းအသင်းတွေအနေနဲ့ ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မှုအတွက် ပေါင် ၂၉ ဒသမ ၆ သန်းရမှာ ဖြစ်သလို ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ပေါင် ၉၇ သန်းခန့်အထိ ရဖွယ်ရှိနေတာဖြစ်ပါတယ်။ အသင်းပေါင်း ၃၂ သင်းနဲ့တိုးချဲ့ကျင်းပမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန် နိုင်ငံမှာ ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၃ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ (NVS 008)

28 Mar

ADVERTISE HERE .