“ဖူလ်ဟမ်အသင်းနှင့်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတဲ့ ဆာကာ”

28 Mar

တံကောက်ကြောဒဏ်ရာကြောင့် ၃ လဝန်းကျင် အနားယူခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား ဆာကာ က လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ကာ ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ဖူလ်ဟမ်အသင်းနှင့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ အင်္ဂလန်တိုက်စစ်ကစားသမား ဆာကာ ဟာ ၂၀၂၄ ဒီဇင်ဘာလအတွင်း ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့အတွက် ၃ လ ဝန်းကျင် အနားယူခဲ့ရခြင်းဖြစ်ပြီး ယခုအခါ လေ့ကျင့်မှုအပြည့်အဝ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဆာကာ အနေနဲ့ ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ဖူလ်ဟမ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဆာကာ အနေနဲ့ ၂၀၂၇ ခုနှစ် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ သက်တမ်းတိုးရန် ဆွေးနွေးနေကြောင်း သိရပါတယ်။ (NVS 008)

28 Mar

ADVERTISE HERE .