အချိန်အခါမှန်အောင် စားသောက်ပေးရမယ့် စားစရာတွေ

25 Mar

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အချိန်အခါမှန်အောင် စားသောက် ပေးရမယ့် စားစရာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ရေခဲမုန့်တို့ ချောကလက်တို့ စတဲ့ သကြားနဲ့ လုပ်ထားတဲ့ အစားအစာ အားလုံးကို မနက်ခင်းမှာ စားတာ အကောင်းဆုံး ဖြစ်ပါတယ်။ မနက်ခင်းမှာ သကြားစားတာက ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ သကြားဓာတ်တွေကို ဖြည့်ပေးတာဖြစ်လို့ တစ်နေ့တာလုံး သကြားဓာတ် ပြည့်ပြည့်ဝဝ ရရှိမှာ ဖြစ်ပြီး ပိုမိုပြီးလည်း တက်ကြွ လန်းဆန်း စေပါလိမ့်မယ်။ ညဘက်မှာ သကြားစားတာကတော့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီကို ပိုတက်လာစေပြီး ဝစေပါလိမ့်မယ်။ အဲ့ဒါကြောင့် ညဘက်မှာ သကြားတွေပါတဲ့ အစားအစာတွေကို မစားသင့်ပါဘူး။ နွားနို့ကို ညအချိန်မှာ သောက်တာက မှန်ကန်ပါတယ်။ ဒါပေမဲ့ မနက်ခင်းမှာတေ့ာ နွားနို့ မသောက်သင့် ပါဘူး။ မနက်ခင်း အိပ်ရာက ထတဲ့ အခါမှာ ခန္ဓာကိုယ်က တက်ကြွ လန်းဆန်းနေပါတယ်။ ဒါကြောင့် နွားနို့သောက်ဖို့ မလိုသေး တာပါ။ နွားနို့ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီပိုတွေကို လျော့ချ ပေးနိုင်ပါတယ်။ နောက်ပြီး ပို အိပ်ပျော်စေပါတယ်။ ညအချိန် အနားယူတဲ့ အခါမှာ နွားနို့သောက်တာက ကြွက်သားတွေနဲ့ ခန္ဓာကိုယ် ဆဲလ်တွေကို အထူး ကောင်းမွန်စေနိုင်ပါတယ်။ ငှက်ပျောသီးကို နေ့လယ်ဘက်မှာ စားတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အမျဉ်ဓာတ် ကြွယ်ဝတဲ့ အစားအစာဖြစ်လို့ အစာချေဖျက်ပေးမူကိုလည်း ကူညီပေး နိုင်ပါတယ်။ တစ်နေ့တာလုံး အတွက်လည်း ခွန်အား ပြည့်ဝနေစေပါလိမ့်မယ်။ ညဘက်မှာ ငှက်ပျောသီး စားရင်တော့ ချွဲသလိပ်ကြပ်ပြီး ချောင်းဆိုး နိုင်ပါတယ်။ ဒါ့အပြင် ညဘက် အစာအိမ်ထဲမှာ ဘာမှ မရှိတဲ့အခါ ငှက်ပျောသီး စားမိသွားရင် အစာအိမ်အတွက် ပြဿနာလည်း ဖြစ်လာစေနိုင်ပါတယ်။ ထမင်းကို ဖြစ်နိုင်ရင် ညအချိန်မှာ ထမင်း မစားသင့်ဘဲ နေ့လယ်စာ စားတဲ့ အချိန်မှာ စားတာက အမှန်ကန်ဆုံး ဖြစ်ပါတယ်။ နေ့လယ်မှာပဲ စားသင့်တဲ့အကြောင်းကတော့ ခန္ဓာကိုယ်က ဇီဝ ဖြစ်ပျက်မူတွေဟာ ညဘက်ထက် နေ့ဘက်မှာ ပိုပြီးတော့ ဖြစ်ပျက်တာကြောင့် ဖြစ်ပါတယ်။ (NVS 003)

25 Mar

ADVERTISE HERE .