ကုန်ဈေးနှုန်းသတင်း ၂၅.၃.၂၀၂၅

25 Mar

မတ်လ ၂၅ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ‌နဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ပဲတီစိမ်းနဲ့ ပြောင်းဆန်ဈေးတွေကတော့ အနည်းငယ် တက်လာပါ တယ်။ ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ သကြားဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်နီနဲ့ အာလူးဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၆,၁၇၁ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၅,၇၅၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၃၀ ကျပ်ကနေ ၄,၉၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၅,၁၄၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၁၆၅ ကျပ်ကနေ ၅,၉၃၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၀၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၃,၉၁၀ ကျပ်ကနေ ၄,၃၉၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၅၆၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၈၃၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၇၅ ကျပ်ကနေ ၆,၂၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၆,၂၅၀ ကျပ်ကနေ ၆,၄၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၁၅၀ ကျပ်ကနေ ၂,၆၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၁၃,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၈၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၆၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၂၈,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၀,၀၀၀ ကျပ်ကနေ ၇၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၈ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၄၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၁၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၉၀ ကျပ်၊ မန္တလေးမှာ ၃,၁၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၇၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၀၄၅ ကျပ်၊ မန္တလေးမှာ ၃,၁၅၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၀၀ ကျပ်၊ မန္တလေးမှာ ၂,၇၁၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၈၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၁၅ ကျပ်၊ မန္တလေးမှာ ၃,၃၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၆၁၀,၀၀၀/-) ငါးဆယ် ခြောက်သိန်း တစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၈၂၀,၀၀၀ိ/-) ခြောက်ဆယ် ရှစ်သိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

25 Mar

ADVERTISE HERE .