ကလပ်အသင်းသို့ ဂိုးသမား အယ်လီဆန် ပြန်ရောက်လာမည်ဖြစ်ကြောင်း လီဗာပူးလ်အသင်း အတည်ပြု
22 Mar
ကိုလံဘီယာအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဦးခေါင်းထိခိုက်မိခဲ့တဲ့ ဂိုးသမား အယ်လီဆန် ဟာ ဘရာဇီးလက်ရွေးစင် အသင်းကနေ နုတ်ထွက်ခဲ့ပြီး ကလပ်အသင်းဆီကို ပြန်ရောက်လာမှာဖြစ်တယ်လို့ လီဗာပူးအသင်းက အတည်ပြု ခဲ့ပါတယ်။ ဘရာဇီးအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသမား အယ်လီဆန် ဟာ ကိုလံဘီယာနောက်ခံလူ ဆန်းချက်ဇ် နဲ့ ထိခိုက်မိခဲ့ပြီး ကွင်းအတွင်းဆေးကုသမှုခံယူခဲ့ရသလို နောက်ပိုင်းမှာ လူစားလဲတာကိုပါ ခံလိုက်ရတာ ဖြစ်ပါတယ်။ ဂိုးသမား အယ်လီဆန်အနေနဲ့ ဘရာဇီးအသင်းကနေ ကလပ်အသင်းကို ပြန်ရောက်လာမှာ ဖြစ်ပြီး နောက်ထပ်ဆေးစစ်တာတွေ ပြုလုပ်မှာဖြစ်တယ်လို့ လီဗာပူးအသင်းက မတ်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဘရာဇီးအသင်း ဆရာဝန်ရဲ့ ပြောကြားချက်အရ အယ်လီဆန် ရဲ့ထိခိုက်မှုက မပြင်းထန်သလို အသင်း ဆေးအဖွဲ့အနေနဲ့လည်း စိတ်ချရတဲ့အထိ စောင့်ကြည့်တာတွေပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ (NVS 008)
22 Mar