ကုန်ဈေးနှုန်းသတင်း ၂၁.၃.၂၀၂၅

21 Mar

မတ်လ ၂၁ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး ဆက်တိုက်ကျဆင်းနေသလို ပဲလွန်းဖြူဈေးလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ထန်းလျက်နဲ့ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၆,၇၈၂ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၇,၀၆၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၃၀ ကျပ်ကနေ ၄,၉၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၅,၇၈၅ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၁၆၅ ကျပ်ကနေ ၅,၇၇၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၀၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၀၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၃,၉၁၀ ကျပ်ကနေ ၄,၄၂၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၅၆၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၃,၈၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၆,၆၆၅ ကျပ်ကနေ ၇,၃၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၇၀ ကျပ်ကနေ ၁,၆၉၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၆၅၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၆,၄၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၂၅၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၃,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၀,၀၀၀ ကျပ်ကနေ ၇၅,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၂၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၁၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၉၀ ကျပ်၊ မန္တလေးမှာ ၃,၁၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၇၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၀၄၅ ကျပ်၊ မန္တလေးမှာ ၃,၁၅၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၀၀ ကျပ်၊ မန္တလေးမှာ ၂,၇၁၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၈၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၁၅ ကျပ်၊ မန္တလေးမှာ ၃,၃၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၅၈၀,၀၀၀/-) ငါးဆယ် ငါးသိန်း ရှစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၈၅၀,၀၀၀ိ/-) ခြောက်ဆယ် ရှစ်သိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

21 Mar

ADVERTISE HERE .