“၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ ၇၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့”
20 Mar
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၇၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးခါနီးပြီ ဖြစ်၍ သတ်မှတ်လျာထားချက်များကို ပြည့်မီအောင်ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က မတ်လ ၁၈ ရက်မှာ နေပြည်တော်ရှိ အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင် ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၃၃ ဒသမ ၀၀ ဘီလီယံသတ်မှတ်လျာထား ရာ ၂၀၂၅ ခုနှစ် မတ် ၁၂ ရက်အထိ စာရင်းများအရ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၉၃ ဘီလီယံဖြင့် ၇၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့သလို ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကအသင်း အဖွဲ့များ၊ ပို့ကုန်လုပ်ငန်းရှင်များက အမြဲထိတွေ့ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်တယ်လို့ ကော်မတီ ဒုတိယဥက္ကဋ္ဌက ပြောကြားပါတယ်။ ထို့အပြင် အစည်းအဝေး၌ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက် - Plan of Action များကိုအကောင်အထည်ဖော်ရာတွင် ရေတိုအကျိုးရလဒ် - Quick Win ရရှိမယ့်လုပ်ငန်းစဉ်များကို ရွေးချယ်ဆောင်ရွက်လျက်ရှိရာ ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေ လျာထားမှုများကို ကြီးကြပ်ဆောင်ရွက်ပေးကြရန်နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ကော်မတီ ဥက္ကဋ္ဌ နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန \(၃) ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်တင့်က ပြောကြားခဲ့ပါတယ်။ ထို့အတူ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကာလပြီးစီးသွားပါက ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်း စီမံချက်များအပေါ် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိသောရှေ့ဆက်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစီမံချက်များကို ဖော်ထုတ်ထားကြရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းစီမံချက်များကိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက် ခြင်းဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကိုရေးဆွဲရာမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်းပြောကြားခဲ့ ပါတယ်။ (NVS 004)