“ရခိုင်ပြည်နယ်သို့ ဆန်နှင့် လူသုံးကုန်ပစ္စည်း တန်ချိန် ၁,၄၂၈ တန်ကျော် ပို့ဆောင်ပေးခဲ့❞

20 Mar

ဆန်နှင့် စားသောက်ကုန်မျိုးစုံများအပြင် လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်း တန်ချိန်ပေါင်း ၁,၄၂၈ တန်ကျော်ကို ရခိုင်ပြည်နယ်သို့ အမ်ဗွီမိုးဟိန်းသင်္ဘောဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအမ်ဗွီမိုးဟိန်းသင်္ဘောဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဖောင်တော်ကြီး ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့် တာဝန်ရှိသူများက မတ်လ ၁၉ ရက်၊ နံနက်ပိုင်းမှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ အမ်ဗွီမိုးဟိန်းသင်္ဘောမှာ ဆန်၊ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၁၄၂၈ ဒသမ ၄၃၆ တန် ပါဝင်တယ်လို့သိရပြီး ယင်းကုန်ပစ္စည်းများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

20 Mar

ADVERTISE HERE .