“လူငယ်များပြုစုပျိုးထောင်ရေးစီမံကိန်းအတွက် လူငယ်ရုပ်ရှင်မျိုးဆက်သစ် ၂ ယောက် ရွေးချယ်စေလွှတ်မည်”

20 Mar

တောင်ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့မှာ ပြုလုပ်မယ့် ရုပ်ရှင်မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေး စီမံကိန်းသို့ လူငယ်ရုပ်ရှင်မျိုးဆက်သစ် နှစ်ယောက်ကို ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကနေ သိရပါတယ်။ အဆိုပါရုပ်ရှင်မျိုးဆက်သစ်လူငယ်များပြုစုပျိုးထောင်ရေးစီမံကိန်း (ASEAN-ROK Film Leader Incubator; FLY Project 2025) သို့ စေလွှတ်နိုင်ရေးအတွက် လက်ရှိမှာရွေးချယ်ရေး လျှောက်လွှာများကို ခေါ်ယူလျက်ရှိပါတယ်။ အဆိုပါ စီမံကိန်းဟာ အာဆီယံနိုင်ငံများနှင့် Asian Film Commission Network (AFCNet) အဖွဲ့ဝင်နိုင်ငံများမှ ပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့မှာ စက်တင်ဘာလ ၄ ရက်မှ ၁၉ ရက်အထိဇာတ်လမ်းတို၊ မှတ်တမ်းရုပ်ရှင်ရိုက် ကူးခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ FLY Project 2025 သို့ တက်ရောက်ရန် လျှောက်ထားလိုသူများအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်းမွေးဖွားသူ၊ ဇာတ်လမ်းတို သို့မဟုတ် မှတ်တမ်းဇာတ်လမ်း သို့မဟုတ် ဗီဒီရိုဇာတ်ကား အနည်းဆုံး ၂ ကားရိုက်ကူးဖူးသူ၊ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆို နိုင်၍ နိုင်ငံခြားခရီးသွားလာမှုအတွက် ပိတ်ပင်ခြင်းခံထားရသူ မဖြစ်ရဘဲ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် Asian Film Academy (BAFA)တို့မှာ ပြုလုပ်တဲ့ အစီအစဉ်တစ်ခုခုတွင် ပါဝင်ဖူးသူဖြစ်စေရဘူးလို့ သတ်မှတ်ထားပါတယ်။ အဆိုပါအချက်များနှင့်ကိုက်ညီတဲ့ မျိုးဆက်သစ်လူငယ်များအနေနဲ့ လျှောက်လွှာများကိုပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ(ရန်ကုန်တိုင်းဒေသကြီး)မှာ လျှောက်ထားနိုင်ပြီး လျှောက်ထားသူ များအနေဖြင့် လျှောက်လွှာများကို ပြည့်စုံစွာဖြည့်စွက်၍ ရိုက်ကူးထားသည့် Project Video File ၂ ခုတို့နှင့်အတူ ပေးပို့ရမှာဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)

20 Mar

ADVERTISE HERE .