“တောင်ကိုရီးယားသို့ လုပ်သားသစ် ၁၂၄ ဦးကို EPS စနစ်နဲ့စေလွှတ်ခဲ့”

20 Mar

မတ်လ ၁၉ ရက်မှာ ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) မှတဆင့် EPS စနစ်နဲ့ လုပ်သားသစ် ၁၂၄ ဦးစေလွှတ်ခဲ့ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ထုတ်ပြန်ထားပါတယ်။ ၎င်းတို့မှာ ကုန်ထုတ်လုပ်သား ၅၈ ဦး၊ သစ်တောလုပ်သား ၂၅ ဦး၊ ဆောက်လုပ်ရေးလုပ်သား ၁၉ ဦး ဝန်ဆောင်မှု လုပ်သား ၇ ဦး (အမျိုးသမီး ၁ ဦး) နှင့် စိုက်ပျိုး/မွေးမြူရေးလုပ်သား ၁၅ ဦး စုစုပေါင်း လုပ်သားသစ် ၁၂၄ ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဥ်ဖြင့် ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာ သင့်တဲ့အချက်များကို မှာကြားခဲ့ပြီးလိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားမှ ယခုနှစ်အတွက်နိုင်ငံခြားသား EPS လုပ်သား ၂၀,၀၀၀ ကျော်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တောင်ကိုရီးယား သို့ နှစ်စဥ်လုပ်သား ၁၀,၀၀၀ နီးပါးစေလွှတ်နေပြီးလက်ရှိတွင်မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိ လုပ်ကိုင်နေပါတယ်။ (NVS 004)

20 Mar

ADVERTISE HERE .