“EV ကားများ လမ်း၊ တံတားအသုံးပြုခ ပေးဆောင်ရမည်”

20 Mar

လက်ရှိမှာ လမ်း၊ တံတားအသုံးပြုခ ကင်းလွတ်ခွင့်ရနေတဲ့ EV ကားများအနေနဲ့ လာမယ့် ဧပြီလ ၁ ရက်မှ စတင်ကာ လမ်းအသုံးပြုခ ပေးဆောင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ EV ကားများကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်ကာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOT စနစ်နဲ့ ဆောင်ရွက်နေသော လမ်း၊ တံတားများ၊ ပြည်ထောင်စုလမ်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ လမ်းတံတား အားလုံး လမ်း/တံတားအသုံးပြုခ ကင်းလွတ်ခွင့်ပေးထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လမ်း/တံတားအသုံးပြုခ ကင်းလွတ်ခွင့်ကာလဟာ မတ်လ ၃၁ ရက်မှာ ပြည့်သွားပြီဖြစ်တဲ့အတွက် ဧပြီလ ၁ ရက်မှ စတင်ကာ ပေးဆောင်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို လမ်းတံတားအသုံးပြုခ ကောက်ခံမှု နှင့် ပတ်သက်၍ မကြာသေးမီရက်ပိုင်းက ပြုလုပ်ခဲ့သော EV ကားများနှင့်ပတ်သက်တဲ့ အစည်းအဝေးတစ်ရပ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ အရာရှိများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက သဘောတူ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ (NVS 004)

20 Mar

ADVERTISE HERE .