ပြိုင်ပွဲမပြီးဆုံးမီ ဆုဖလားရရှိရန် သေချာနေတဲ့ ပီအက်စ်ဂျီအသင်း
19 Mar
ပီအက်စ်ဂျီအသင်းအနေနဲ့ အမှတ်ပေးပြိုင်ပွဲအဖြစ် မာဆေးအသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာက မာဆေးအသင်းကို ရမှတ် ၁၉ မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် လီဂူးဝမ်းပြိုင်ပွဲ မပြီးဆုံးမီ ချန်ပီယံဆုရရှိရန် သေချာနေကြောင်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းအနေဖြင့် မာဆေးအသင်းကို အနိုင်ရခဲ့ပြီးနောက် ပွဲစဉ် ၂၆ ပွဲကစားအပြီးတွင် ရမှတ် ၆၈ မှတ် ထိရရှိကာ ပြိုင်ပွဲပြီးဆုံးရန် ရှစ်ပွဲအလိုတွင် ဒုတိယနေရာမှ ရမှတ် ၄၉ မှတ်ရရှိထားသည့် မာဆေးအသင်းကို ၁၉ မှတ်ထိဖြတ်တောက်နိုင်ခဲ့ပြီး ပြိုင်ပွဲကာလမပြီးဆုံးမီ ဆုဖလားရရှိရန် သေချာနေတာဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းဟာ အမှတ်ပေးပြိုင်ပွဲတွင် ၂၁ ပွဲနိုင်၊ ငါးပွဲသရေရလဒ်ဖြင့် ရှုံးပွဲမရှိခဲ့လို့ နည်းပြ အန်းနရစ် က ရှုံးပွဲမရှိစံချိန်ဖြင့် ဆုဖလားရယူနိုင်ရန် ပစ်မှတ်ထားနေကြောင်းလည်း သိရပါတယ်။(NVS 008)
19 Mar