ဆော်ဒီသို့ ပြောင်းရွှေ့ကစားမည်မဟုတ်ကြောင်း ပြောခဲ့တဲ့ ဗင်နီစီးယက်စ်

19 Mar

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဗင်နီစီးယက်စ် က ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသို့ ပြောင်းရွှေ့ကစားမှာမဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်အသင်း၌သာ ကာလရှည် ဆက်ကစားသွားလိုတယ်လို့ ပြောကြားခဲ့ ပါတယ်။ ဆော်ဒီထိပ်တန်းအသင်းကြီးများက ပြီးခဲ့တဲ့ ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလမှာ ဗင်နီစီးယက်စ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ စံချိန်တင်လုပ်ခလစာများဖြင့် ကမ်းလှမ်းခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်အသင်းက ငြင်းပယ်ခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်အသင်းတွင်သာ ဆက်လက်ကစားရန်အတွက် ဆုံးဖြတ်ခဲ့ပြီး ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် ဆော်ဒီထိပ်တန်းအသင်းကြီးများက လက်လျှော့သွားခြင်းမရှိဘဲ လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင်လည်း ဗင်နီစီးယက်စ် ကို ထပ်မံကမ်းလှမ်းမှုများ လုပ်ဆောင်ရန်အတွက် ပြင်ဆင်နေပေမယ့် အဆိုပါကစားသမားကိုယ်တိုင်က အသင်းတွင်သာ ဆက်လက်ကစားရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ (NVS 008)

19 Mar

ADVERTISE HERE .