ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်

19 Mar

ဂျာမနီနိုင်ငံ၊ Frankfurt မြို့တွင် ကျင်းပပြုလုပ်မည့် Investment Management Exhibition(IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅)သို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ အဆိုပါ ပြပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာသံရုံးအပါအဝင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့်သက်ဆိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်လေ့လာနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ပြခန်းများ ပြသနိုင်မှာဖြစ်ပါတယ်။ ပြပွဲအတွင်း ကဏ္ဍပေါင်းစုံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးအတွက် ရည်ရွယ် ကျင်းပသော နိုင်ငံတကာအဆင့်မီပြပွဲကြီးဖြစ်ပြီး နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများနှင့် ထိတွေ့ဆွေးနွေးနိုင်ကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်များကို တစ်နေရာတည်းတွင် လေ့လာနိုင်သည့် Global Platform တစ်ခုဖြစ်ကြောင်း သိရပါတယ်။ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅)သို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ပါဝင်တက်ရောက်လိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade@ gmail.com သို့ ဆက်သွယ်စုံစမ်း၍ စာရင်းပေးသွင်း နိုင်ကြောင်း သိရပါတယ်။(NVS 004)

19 Mar

ADVERTISE HERE .