အိန္ဒိယနိုင်ငံရောက် ဆရာတော် ၂ ပါးအား သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း
19 Mar
အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်းတွင် သီတင်းသုံးနေသည့် “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်အရှင်သူမြတ် ၂ ပါးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားရှိ ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသည့် “သဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ရရှိတော် မူသော အိန္ဒိယနိုင်ငံရောက် ဆရာတော်အရှင်သူမြတ် ၂ ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ ပရဒေသီသံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ကုသိနာရုံမြန်မာကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော မြန်မာကျောင်းများမှ ဆရာတော်၊ သံဃာတော် များ၊ သီလရှင်များ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)