ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် ၂,၈၀၀ ဦးခန့် နေ့စဉ်ဝင်ရောက်လျက်ရှိ
19 Mar
ငွေဆောင်ကမ်းခြေသို့ နေ့စဉ်ခရီးသွားဧည့်သည် ဝင်ရောက်မှုဟာ ဦးရေ ၂,၈၀၀ ခန့်အထိ ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ငွေဆောင်ကမ်းခြေဟာ ရေကြည်လင်ပြီး လည်ပတ်စရာနေရာများအဖြစ် ချစ်သူများကျွန်း၊ မြွေကျွန်း၊ ငွေဆောင် ညဈေးတန်း အစရှိတဲ့နေရာများသို့ သွားရောက်လည်ပတ်နိုင်သလို ဧည့်သည်များအတွက် ဝန်ဆောင်မှုပေးသည့် ဟိုတယ်ပေါင်း ၃၄ လုံးရှိနေပါတယ်။ ထိုကမ်းခြေဟာ ကမ္ဘာ့ကမ်းခြေများစံနှုန်းဖြစ်သည့် ကမ်းခြေသာယာလှပမှု၊ ရေ၏အရည်အသွေး၊ သဲအရည် အသွေး၊ ရေကူးသူများဘေးကင်းလုံခြုံသည့်အခြေအနေ၊ ခရီးသွားဆွဲဆောင်မှု၊ ကမ်းခြေနှင့်ဆက်စပ်၍ လည်ပတ်နိုင်ချေ စသည့် ကမ်းခြေတစ်ခုတွင်ရှိသင့်သည့် အချက်များအားလုံး ငွေဆောင်ကမ်းခြေတွင် ရှိနေခြင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများကပါ စိတ်ဝင်တစားလည်ပတ်လေ့ရှိကြောင်း သိရပါတယ်။(NVS 004)
19 Mar