စာချုပ်ချုပ်ဆိုပြီး အလုပ်သမားများကို စေလွှတ်ပြီးမှသာ နောက်ထပ်အလုပ်ခေါ်စာအသစ် တင်ခွင့်ပြုမည်
19 Mar
ပြည်ပနိုင်ငံများသို့ အလုပ်သမားပို့ဆောင်ပေးနေသော ဝန်ဆောင်မှုအေဂျင်စီများအနေဖြင့် စာချူပ်ချုပ်ဆိုပြီး အလုပ်သမားများကို စေလွှတ်ပြီးမှသာ နောက်ထပ်အလုပ်ခေါ်စာများကို ထပ်မံတင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)က သိထုတ်ပြန်ကြေညာထားပါတယ်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေနဲ့ နိုင်ငံအလိုက် အလုပ်သမားစေလွှတ်ခွင့် တင်ပြရာတွင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်မတိုင်မီ ထိုင်းနိုင်ငံအတွက် အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပြီးသည့် အလုပ်သမားများနှင့် အခြားနိုင်ငံများအတွက် မှန်ကန်သောစစ်ဆေးပြီး Demand Letter ဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် အလုပ်သမားများစေလွှတ်ပြီးမှသာ Demand Letter အသစ်တင်ပြခြင်းကို ခွင့်ပြုသွားမည် ဖြစ်ကြောင်းဖော်ပြထားရှိပါတယ်။ ထို့ပြင် ဇန်နဝါရီလ ၃၀ ရက်နောက်ပိုင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခဲ့သည့် Demand Letter များကိုလည်း အေဂျင်စီများအနေနဲ့ တင်ပြရမည့် ကန့်သတ်လူဦးရေစာရင်းကို ထပ်မံအကြောင်းကြားသွားမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)က ထုတ်ပြန်ထားရှိကာ အေဂျင်စီများမှ နိုင်ငံအလိုက်စေလွှတ်မည့် အလုပ်သမားများအတွက် OWIC ပြုလုပ်ပြီးပါက ပြည်ပသို့ စေလွှတ်ခွင့်ပြုရေး လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ (NVS 004)