စက်သုံးဆီနဲ့ အခြားကုန်စည်များတင်သွင်းတဲ့ လုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာပျမ်းမျှ ၂ ဒသမ ၂ သန်းခန့် နေ့စဉ်ထုတ်ရောင်းပေးလျက်ရှိ

19 Mar

မြန်မာနိုင်ငံအတွင်း ကုန်ကြမ်းယူကုန်ချောပေး (Cutting, Making, Packaging - CMP) လက်ခစားစနစ်နဲ့ ချုပ်လုပ်တဲ့ အဝတ်အထည်များ ပြည်ပနိုင်ငံများသို့တင်ပို့ရာမှ ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံခြားငွေများကို နေ့စဉ် ထုတ်ရောင်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ CMP လုပ်ငန်းများသို့ ပြန်လည်ဝင်ရောက်လျက်ရှိတဲ့ နိုင်ငံခြားငွေများမှ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ပျမ်းမျှ ၂ ဒသမ ၂ သန်းခန့်ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ နေ့စဉ်ရောင်းချပေးနေကြောင်း သိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ အဆိုပါနိုင်ငံခြားငွေများကို စက်သုံးဆီနဲ့ အခြားကုန်စည်များတင်သွင်းတဲ့ လုပ်ငန်းရှင်များအတွက် ရည်ရွယ်ရောင်းချပေးခြင်းဖြစ်ကြောင်းနဲ့ မတ်လ ၁၇ ရက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်း ရောင်းချပေးခဲ့ကြောင်း ကြေညာထားရှိပါတယ်။(NVS 004)

19 Mar

ADVERTISE HERE .