“အက်သလက်တီကိုအသင်း တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ လီဗာပူးလ်အသင်း”

18 Mar

လီဗာပူးလ်အသင်းက အက်သလက်တီကိုအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက လာမယ့်နွေရာသီမှာ အီဂျစ်တိုက်စစ်ကစားသမား ဆာလတ်နှင့် လမ်းခွဲရန် နီးစပ်နေ သလို ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကိုလည်း ရောင်းထုတ်ရန် စီစဉ်နေပြီး ပြန်လည်အစားထိုးရန်အတွက် အယ်လ်ဗာရက်ဇ် ကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ် ကို ပိုမိုသဘောကျခဲ့သော်လည်း ခေါ်ယူနိုင်ရန် အလားအလာနည်းပါးနေတဲ့အတွက် အယ်လ်ဗာရက်ဇ် ကို ခေါ်ယူရန်စိတ်ဝင်စားလာခဲ့တာ သိရပါတယ်။ လီဗာပူးလ် အသင်းအနေနဲ့ အယ်လ်ဗာရက်ဇ် ကို ခေါ်ယူရန် အမှန်တကယ်ကြိုးပမ်းမည်ဆိုပါက ပေါင်သန်း ၁၀၀ အထက်သုံးစွဲရ ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေပါတယ်။ (NVS 008)

18 Mar

ADVERTISE HERE .